ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Saturday, November 17, 2012

eGovernment ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာခြင်း







eGovernment တစ်ရပ်၏ အဆင့်အတန်းကို တိုင်းတာနိုင်သော သင့်တော်လျောက်ပတ်သည့် ချဉ်းကပ်တိုင်းတာနည်းများ အမျိုးမျိုးရှိ နိုင်ပါသည်။  သို့သော် ထိုသို့ တိုင်းတာနည်းများ အမျိုးမျိုး ကွဲပြားနေသည့် အတွက် မည်သည့်နည်းမှာ စံ ဖြစ်သည်ဟု မေးရန် ရှိပါသည်။ တိုင်းတာမှုများတွင် ဘုံသဘောတူညီသည့် အချက်များမှာ တိုင်းပြည်၏ စီးပွားရေးအင်အား၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပညာရေး အဆင့်အတန်း တို့ ဖြစ်ကြပါသည်။ ယင်းအချက် သုံးချက်စလုံးမှာလည်း စွမ်းဆောင်ရည် Capacity နှင့် အကျုံးဝင် ပါသည်။ နည်းပညာနှင့် ပညာရေး အဆင့်ဟူသော အချက်များမှာမူ အမျိုးသားအဆင့် အွန်လိုင်းဝန်ဆောင်မှု များ၏ အနေအထားကို တိုက်ရိုက်ပြဆိုနေပြီး၊ ကုလသမဂ္ဂ၏ eGovernment ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအတွက် အဓိက စံ များပင် ဖြစ်ပါသည်။

ကုလသမဂ္ဂ၏ နှစ်စဉ်ပြုလုပ်သော eGovernment စစ်တမ်းတွင် တချို့သော ကိစ္စရပ်များကို နည်းစနစ်ပိုင်းအရ လုပ်ဆောင်ထားရာ အလုပ်ဖြစ်သော သင့်လျော်အဆင်ပြေသော eGovernment တိုင်းတာမှု ပုံစံတစ်ချို့ကို ရရှိနိုင်ပါသည်။ နိုင်ငံတကာ အဆင့်တွင် eGovernment တစ်ရပ်၏ အောင်မြင်မှုကို တိုင်းတာရာ၌ အခြေခံမူ ကောင်းများ ချမှတ်ခြင်း၊ ချဉ်းကပ်လေ့လာခြင်းနှင့် ပတ်သက်၍ ပုံစံကျ၊ ဘုံသဘောတူညီမှု မူကောင်းများ မရှိသေးသော်လည်း ဖြစ်စဉ်တွင် ပါဝင်နေသော အချက်အလက်ကို အခြေခံ၍ လက်တွေ့ကျသော တိုင်းတာမှုများ လုပ်နိုင်သည်မှာလည်း အထင်အရှား ဖြစ်ပါသည်။

eGovernment တိုးတက်မှု ညွှန်ပြချက်များ

eGovernment တစ်ရပ်၏ အောင်မြင်တိုးတက်မှုများကို လေ့လာကြည့်ပြီး၊ ယင်းအောင်မြင်မှုများကို ဖြစ်ပေါ်စေသည့် အချက်အလက်များကို သုံးသပ်ကြည့်ခြင်းဖြင့် တိုင်းတာမှုများ ပြုလုပ်နိုင်သည်။ ကုလသမဂ္ဂ၏ Draft list core eGovernment indicators ကို လေ့လာခြင်းဖြင့် အပိုင်းသုံးပိုင်းခွဲကာ ယင်းမှ အသေးစိတ် အချက်များ ပြန်ခွဲထုတ် ထားသော အကြမ်းဖျင်း ပုံစံကို တွေ့နိုင်သည်။ ယင်းအပိုင်းသုံးပိုင်းမှာ -

၁။ Capacity Indicators ခေါ် စွမ်းဆောင်ရည် ပိုင်းဆိုင်ရာ အချက်များ။
၂။ Usage Indicators ခေါ် အသုံးပြုမှု အချက်များ
၃။ Transformation Indicators ခေါ် အသွင်ပြောင်းလဲမှု အချက်များ ဟူ၍ ဖြစ်သည်။

Capacity Indicators များတွင် ထပ်မံအသေးစိတ် ခွဲခြာထားသော အချက် (၁၁)ချက် ပါဝင်သည်။
  • အစိုးရအဖွဲ့အစည်းများတွင် ကွန်ပျူတာလက်ကိုင် အသုံးပြုသော အစိုးရ ဝန်ထမ်းများ၏ အရေအတွက် ရာခိုင်နှုန်း
  • ရုံးတွင် အင်တာနက် ချိတ်ဆက်သုံးနိုင်သော အစိုးရဝန်ထမ်း ရာခိုင်နှုန်း
  • Website သို့ Database များဖြင့် တည်ရှိ နေသော အစိုးရအဖွဲ့ အစည်းများ ရာခိုင်နှုန်း
  • Corporate Network များရှိသော (ဥပမာ - LAN, Intranet နှင့် Extranet များရှိသော) အစိုးရ အဖွဲ့အစည်းများ၏ ရာခိုင်နှုန်း
  • မိုဘိုင်းဖုန်းနည်းပညာဖြင့် အသုံးပြုနိုင်သော Platform များကို ကမ်းလှမ်းထားသည့် အစိုးရ အဖွဲ့အစည်းများ ရာခိုင်နှုန်း
  • အစိုးရ အဖွဲ့အစည်းများတွင် ICT ကျွမ်းကျင်သူ ပါဝင်မှု ရာခိုင်နှုန်း
  • အစိုးရအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များနှင့် ကွန်ရက်များကို တိုက်ခိုက်ခံရမှု၊ နှောက်ယှက်ခံရမှု အရေအတွက်
  • အီးမေးလ် message များတွင် လက်ခံရရှိသော spam message များ၏ ရာခိုင်နှုန်း
  • အစိုးရအဖွဲ့အစည်းများ၏ စုစုပေါင်း အသုံးစရိတ်များတွင် ICT အတွက် အသုံးပြုသည့် ကုန်ကျစရိတ် ရာခိုင်နှုန်း
  • လူ့စွမ်းအားအရင်အမြစ် ဖွံ့ဖြိုးရေးနှင့် အဖွဲ့အစည်း စွမ်းဆောင်ရည် တည်ဆောက်ရေးများတွင် အသုံးပြုသည့် ICT ဘတ်ဂျတ် ရာခိုင်နှုန်း
  • အင်တာနက်ချိတ်ဆက်မှုကို (Narrow Band) fixed broadband နှင့် mobile broadband စသဖြင့် ချိတ်ဆက်မှု ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေသော အစိုးရအဖွဲ့ အစည်းများ၏ ရာခိုင်နှုန်း စသည်တို့ ဖြစ်ကြသည်။
အထက်ပါ (၁၁)ချက်ကို လေ့လာသုံးသပ်ကြည့်လျှင် အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်မှုကို ထည့်သွင်းစဉ်းစားပြီး၊ တိုင်းတာနိုင်ရန်အတွက် ပြည့်စုံမှုရှိကြောင်း တွေ့ရသည်။

အပိုင် (၂)ဖြစ်သော အသုံးပြုမှုဆိုင်ရာ အချက်များဖြစ်သည့် Usage Indicators တွင်လည်း ထပ်မံခွဲခြားထားသော အချက်ငယ် (၃)ချက် ပါဝင်သည်။ ယင်းတို့မှာ -
  • Open Source ဆောဖ်ဝ်နှင့် အခြားဆော့ဝ်များ အသုံးပြုမှု ရာခိုင်နှုန်း
  • (အစိုးရအဖွဲ့အစည်းများတွင်) အသုံးပြုသည့် Applications များ၏ ပုံစံနှင့် ရာခိုင်နှုန်း၊ ယင်းတွင် Word Processing, Accounting, Database နှင့် Website များတွင်သုံးသော Application များပါဝင်သည်။
  • ICT ကို အသုံးပြုရန်အတွက် လေ့ကျင့်သင်ကြားပေးထားသော အစိုးရဝန်ထမ်း ရာခိုင်နှုန်း တို့ ဖြစ်ကြသည်။
အပိုင်း(၃) အသွင်ပြောင်းလဲခြင်းဆိုင်ရာ အချက်များတွင်လည်း ထပ်မံ ခွဲခြားထားသော အချက်(၃)ချက် ပါဝင်သည်။
  • အွန်လိုင်းဝန်ဆောင်မှုများကို ပုံစံမျိုးစုံ ပေးအပ်နေသော အစိုးရ အဖွဲ့အစည်းများ၏ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုများတွင် Online Form များ ရယူပေးခြင်း၊ ဖြန့်ဝေပေးခြင်း၊ အွန်လိုင်းမှ ကမ်းလှမ်း ဝယ်ယူနိုင်မှုများ၊ အွန်လိုင်း ဘီလ်ဆောင်ခြင်းများ၊ အခွန်ငွေ ဖြည့်သွင်းရန် လျှောက်လွှာများ ထုတ်ပေးခြင်းများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကားမှတ်ပုံတင်ခြင်း၊ အွန်လိုင်းမဲပေးခြင်း၊ အွန်လိုင်းမှ တုံပြန်ဝေဖန်မှု Online Feedback များ လက်ခံခြင်း တို့ဖြစ်သည်။
  • ICT နည်းပညာအသုံးပြု၍ အွန်လိုင်းမှ တောင်းဆိုမှု၊ လျှောက်ထားမှု၊ စုံစမ်းမေးမြန်းမှု များ၏ ရာခိုင်နှုန်း
  • eGovernment ဝန်ဆောင်မှုကို သုံးစွဲသူ User များ၏ စိတ်ကျေနပ်မှု ရရှိခြင်း အတိုင်းအတာတို့ ဖြစ်ကြသည်။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် eGovernment ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အဆင့် သဘောတူညီမှုရှိသော ခိုင်မာသည့် မူဟောင်းတစ်ရပ် လိုအပ်နေသည်မှာ အမှန်ဖြစ်ပါသည်။ တိုင်းတာပုံနည်းများ ကွဲပြားသည့် အလျောက် ရလဒ်များ၊ ခန့်မှန်းတွက်ချက်မှု များလည်း ကွဲပြားနိုင်ပါသည်။ သို့ဖြစ်၍ ဒေသဆိုင်ရာ အဆင့်၌ နိုင်ငံတကာအဆင့် စံနှုန်းများ ကွဲပြာမှုများကို တတ်နိုင်သမျှ တညီတည်းဖြစ်အောင်း ပြုပြင်၍ နိုင်ငံတကာ စံသတ်မှတ်ချက်များ ချမှတ်ရန် ကြိုးစားရပါမည်။ လက်ရှိတွင် ထိုသို့သော နိုင်ငံတကာစံနှုန်းများ မချမှတ်နိုင်မီ စပ်ကြားတွင်လည်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဌာန WN Department of Economic and Social Affairs မှ ပြုလုပ်သော ယခုစစ်တမ်းများသည်လည်း ပုဂ္ဂလိကကဏ္ဍတွင် ICT အသုံးပြုမှုနှင့် အစိုးရကဏ္ဍများတွင် eGovernment ဖွံ့ဖြိုးမှုတို့ကို လေ့လာတိုင်းတာရန် အထောက်အကူ ပြုနေမည်သာ ဖြစ်ပါသည်။

Ref: “Measuring eGovernment” from UN eGovernment Survey 2010

1 comment:

  1. နည်းပညာ ကျွမ်းကျင်သူ ၀န်ထမ်း + နည်းပညာပစ္စည်းများ + အသုံးပြု Network Connection + ဦးဆောင်မည့် ကျွမ်းကျင်သူ e-Leader ....ဒါတွေ အားလုံး မျှတစွာ အချိုးကျ ပေါင်းစပ်နိုင်စွမ်းရှိပြီလား...ပြန်သုံးသပ်ဖို့ လိုပါတယ်...

    ReplyDelete