သမားရိုးကျ ဆော့ဖ်ဝဲ တည်ဆောက်မှုများ အစိုးရ လုပ်ငန်းများသည် စနစ်တကျ ဆောင်ရွက်နိုင်မှု မရှိခြင်း၊ သိပ္ပံနည်းကျ စီမံခန့်ခွဲမှု မရှိခြင်း၊ စီမံကိန်းအရ ဆောင်ရွက်ရာတွင် စုစည်းမှု၊ ပေါင်းစည်းမှု အားနည်းခြင်းများကို တွေ့ရသည်။ အစိုးရ၏ ဌာနဆိုင်များသည် ကြိုးစား ရုန်းကန်နေကြရခြင်းသည် ယင်းတို့ ဆောင်ရွက်နေကြ လုပ်ငန်းများမှာ အဓိကအားဖြင့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ e-Government ဆောင်ရွက်နေသော ဌာနများ အဓိက ထားရမည်မှာ ဆောင်ရွက်နေသော Application များသည် တစ်ခုနှင့်တစ်ခု သွားမထပ်ရန်နှင့် နှစ်ခါ မလုပ်မီစေရန် အရေးကြီးသည်။ သတင်း အချက်အလက်များသည် ပြည့်စုံ မှန်ကန်မှု ရှိရပါသည်။ လုပ်ငန်းများသည် အသုံးပြုနေသော အရင်းအမြစ်များသည် အသုံးမပြုနိုင်ပါ။ လုပ်ငန်းမှ အမြတ်ရရှိမှုသည် နည်းပါသည်။ အစိုးရ၏ လုပ်ငန်းများမှာ ဝန်ဆောင်မှုကို အခြေခံသော အစိုးရ (Service-Oriented Government) ဖြစ်သည်။ စီးပွားရေး လုပ်ငန်းနှင့် ကွဲပြားမှုမှာ စီးပွားရေးအရ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှု ဖြစ်သည်။
e-Government Application တည်ဆောက်မှုတွင် SaaS Software model ကို အသုံးပြုသင့်
Software as a service (SaaS) သည် On-Demand Software အမျိုးအစား ဖြစ်ပြီး ဖွဲ့စည်းထားပုံမှာ Software နှင့် Data တို့ ပါဝင်ပြီး Internet သို့မဟုတ် Cloud ပေါ်တွင် သုံးစွဲသူ user များသည် ပေါ့ပါး ရှုပ်ထွေးမှုနည်းသော Client များဖြစ်ပြီး Internet ပေါ်တွင် Web Browser ကို အဓိကထား အသုံးပြုကျသည်။ SaaS ကို တည်ဆောက်ရာတွင် အများဆုံး အသုံးပြုသော စီးပွားရေးလုပ်ငန်းသုံး Application များမှာ Accounting, Collaboration, Customer Relationship Management (HRM), Content Management (CM) and Service desk Management တို့ ဖြစ်သည်။ Software as a service (SaaS) ကို တည်ဆောက်မည် ဆိုပါက Infrastructure as a service (IaaS) နှင့် Platform as a service (PaaS) သည် အရင် တည်ဆောက်ရမည် ဖြစ်ပြီး Cloud Computing နှင့်ပါ သက်ဆိုင်ပါသည်။ အစိုးရ အိုင်တီဌာနများတွင် SaaS Model ကို အသုံးပြုခြင်းဖြင့် အိုင်တီဌာနများတွင် တူညီသော လုပ်ငန်း ဆောင်ရွက်မှုများ Workflow ရှိသည်။ ယင်းအချက်သည် ကုန်ကျစရိတ်ကို နည်းနိုင်ပြီး တည်ဆောက်မှုများကို အစဉ် ဆောင်ရွက်နိုင်သည့် SaaS Model အတွက် အားသာချက်တစ်ခု ဖြစ်လာသည်။
SaaS အကြောင်း
SaaS Framework ကို အသုံးပြုခြင်းသည် များစွာသော ဆောင်ရွက်မှုများကို ဗဟိုပြုသည်။ စနစ်တွင် Form များနှင့် လုပ်ငန်းသွားရာ လမ်းကြောင်းများကို အသုံးပြု ရေးသားထားသည်။ Form အသစ် တစ်ခုအတွက် Workflow ရှိခြင်းနှင့် Framework ကို ချိတ်ဆက်ရာတွင် ရေးသားထားသော Code ပြုလုပ်ရန် မလိုခြင်းစသော လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။ သမားရိုးကျ ဆော့ဖ်ဝဲများသည် လိုင်စင်နှင့်သာ ထိန်းချုပ်ကြသည်။ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီရန် လိုသည်။ အသုံးပြုသူနှင့် အမှန်တကယ် အသုံးပြုနိုင်ရန် ဗဟိုမှ ထိန်းချုပ်ကာ ပြုပြင်နိုင်မှာသာ အစိုးရနှင့် ဆက်ဆံရမှုမှာ ပိုမို အဆင်ပြေလာနိုင်မည် ဖြစ်သည်။ SaaS Model ဖြင့် Application များ တည်ဆောက်ရာတွင် ပထမသည် ဈေးကြီးခြင်း၊ နောက်ပိုင်းတွင် သက်သာလာခြင်းနှင့် တိကျသော သတ်မှတ်ချက် ရှိခြင်းတို့သည် SaaS ၏ တည်ဆောက်မှု အဆင့်များ ဖြစ်သည်။
e-Government ကို SaaS Model ဖြင့် တည်ဆောက်ပါက ဖြစ်ပေါ်လာနိုင် အခွင့်အရေးများ အောက်ပါအတိုင်း ဖြစ်သည်။
SaaS Model သည် အလွန် သတိထားရမည် စီမံအုပ်ချုပ်ရမည် ဖြစ်သည်။ အစိုးရဌာနများသည် စီးပွားရေး လုပ်ငန်းသဘောကို အရေးမထား e-Government တည်ဆောက်ရာတွင် ထည့်သွင်း စဉ်းစားခြင်း မပြုပါ။ သို့သော် ထိုစီးပွားရေး လုပ်ငန်းများသည် ကုန်ကျစရိတ်နှင့် လူအင်အားများစွာ အသုံးပြုသည်။ e-Government စနစ်ကို တည်ဆောက်ရာတွင် SAAS Model ကို အသုံးပြုခြင်းသည် တီထွင်မှုများကို အများဆုံး ပြုလုပ်နိုင်သော ဆော့ဖ်ဝဲ တည်ဆောက်မှု မော်ဒယ်တစ်ခု ဖြစ်သည်။ Application များကို တည်ဆောက်ရာတွင် တီထွင်ရန်မှာ SAAS Model သည် စနစ်ကျသော Frame Work ရှိသည်။ ထို Frame Work သည် မည်မျှလောက် ပြီးစီးမှုရှိခြင်း၊ စမ်းသပ်နိုင်သော Process များ ပါဝင်ခြင်းနှင့် အလျင်အမြန် တည်ဆောက်နိုင်သော နည်းပညာ Rapid iteration တို့ ပါဝင်သည်။ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လာနိုင်သော နည်းပညာတစ်ရပ် ဖြစ်သည့်အပြင် Application ကို ကိုင်တွယ် အသုံးပြုသူသည် လုပ်ငန်းခွင် ဖြစ်ပေါ်လာနိုင်သော တာဝန်ခွဲဝေမှု (Authentication), လုံခြုံရေး (Security), လုပ်ငန်းအတွင်း ပြောင်းလဲ ဆောင်ရွက်မှု (Change Management), လုပ်ငန်း အသုံးပြုနေသော ဆော့ဖ်ဝဲ တည်ဆောက်မှု အရင်းအမြစ် (Resource Management) နှင့် လုပ်ငန်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှု (Performance management) တို့ကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်သည်။ SaaS Model သည် တီထွင်မှုကို အရှိန်မြှင့်ထားသည်။ SaaS Model ၏ Applications များသည် Construction of Structural Framework ဖြစ်ပေါ်စေသည်။
SaaS Framework တည်ဆောက်ခြင်း အကြောင်း
SaaS Framework အတွက် Forms နှင့် Workflow-driven application များကို တည်ဆောက်ရာတွင် ပြိုင်တူ တည်ဆောက်မှု (သို့မဟုတ်) အပြိုင်တည်ဆောက်မှု ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းသည် တစ်ခုပြီးမှတစ်ခု ဖြစ်ပေါ်လာသော Framework ဖြစ်သည်။ Sales, Human Resources, Procurement စသော နယ်ပယ်များအတွက် SaaS Framework များ တည်ဆောက်နိုင်မည် ဖြစ်သည်။ Application များတွင် Form များစွာ ပါဝင်နိုင်ခြင်းဖြင့် တိကျ မှန်ကန်နိုင်သော လမ်းကြောင်းများကို ဖြစ်ပေါ်စေသည်။
SaaS Model ဖြင့် e-Government Application များကို အကောင်အထည်ဖော်ခြင်း
အစိုးရ အိုင်တီဌာနများတွင် ခေတ်မီသော အခြေခံ အဆောက်အအုံ များစွာရှိသဖြင့် SaaS Model အခြေခံသော Application များစွာ တည်ဆောက်နိုင်ပါသည်။ သို့သော် စီးပွားရေးနှင့် သက်ဆိုင်မှု နည်းပါသည်။ သို့သော် အစိုးရ အိုင်တီဌာနများသည် ပြင်ပနှင့် ချိတ်ဆက်မှု ကောင်းမွန်မှုကို အဓိကထားသော အင်တာနက် အမြန်နှုန်းကို အခြေခံသော Software နည်းပညာ တစ်ခု ဖြစ်သည်။ အစိုးရဌာနများတွင် ရှိသော SaaS Model ကို အခြေခံတည်ဆောက်သော Application များတွင် အောက်အချက်များ ပါဝင်သည်။
(၁)ကုန်ကျမှု ရှင်းတမ်း Billing ထက် ဝန်ဆောင်မှုပေးခြင်းကို အဓိက ဆောင်ရွက်ခြင်း
SaaS Model သည် Software Model လည်ပတ်နိုင်ရန် လစဉ်ကျသင့်ငွေ ပေးဆောင်ရသော စနစ်ဖြစ်သည်။ ထိုသို့ ပေးလိုက်ခြင်းသည် အစိုးရဌာနများ အတွက် Software ကို ထိန်းသိမ်း စောင့်ရှောက်ရခြင်းနှင့် ပြန်လည် ရေးသား ပြုပြင်ရခြင်းအတွက် ကုန်ကျစရိတ်ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်သည့် အပြင်၊ အခြေခံ အဆောက်အအုံအတွက် ကုန်ကျစရိတ်ကိုပါ လျော့ချပြီး လုပ်ငန်းတိုင်း အသုံးပြုနိုင်သည်။ အစိုးရ တစ်ခုအတွက် အဆင့်တိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် အဆင်ပြေပြီး အဆင့်မြင့်သော Platform တစ်ခုဖြစ်ပြီး သီးခြားစီ ရှိနေသော အိုင်တီဌာနများသည် စီးပွားရေး လုပ်ငန်းများနှင့် အခြားသော ဝန်ဆောင်မှုများအတွက် ငွေပေးချေခြင်းနှင့် လစဉ် ကောက်ခံသော ကုန်ကျစရိတ်များကို ထည့်သွင်း စဉ်းစားခြင်း ပြုလုပ်ရန် မလိုအပ်ပေ။ SaaS Model သည် လစဉ်ပေးဆောင်ရသော Billing ကို အဓိက မထားခြင်းသည် အရည်အသွေးကို ဦးစားပေးသော လုပ်ငန်း ဆောင်ရွက်မှုသည် လိုအပ်ချက်တစ်ခု ဖြစ်သည်။
(၂) စီးပွားရေး လုပ်ငန်းများအတိုင်း မတည်ဆောက်ခြင်း
SaaS Model ကို အသုံးပြုခြင်းဖြင့် e-Government Application များ တည်ဆောက်မှု အပေါ်တွင်သာ မူတည်သည်။ စီးပွားရေးလုပ်ငန်းကို အဓိကထားသော ဆော့ဖ်ဝဲ တည်ဆောက်မှု မော်ဒယ်မဟုတ်ပါ။ အစိုးရလုပ်ငန်းများသည် စီးပွားရေး လုပ်ငန်းများထက် ဝန်ဆောင်မှုကို အသားပေး လုပ်ငန်းသဘော ရှိသည်။
(၃)လုံခြုံမှု အရေးပါသော တည်ဆောက်မှုဖြစ်ခြင်း
ပုံမှန်အားဖြင့် e-Government လုပ်ငန်းများကို ဆောင်ရွက်နေသော User များသည် အလွန် အရေးကြီးသော နေရာမှ လုပ်ဆောင်နေရသည်။ SaaS Model တွင် Infrastructure architecture, network architecture and application architecture တို့ကို ပေါင်းစပ်ထားသော Three-dimensional Security system တစ်ခုဖြစ်ပြီး အစိုးရဌာနများ၏ Data ကို အလွယ်တကူ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ SaaS Model တွင် Site ၏ လုံခြုံမှု၊ Infrastucture Security, Application Security နှင့် လုပ်ငန်း ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အထူး ဂရုပြုသည်။
Security Services (လုံခြုံရေး ဝန်ဆောင်မှု)
SaaS Model သည် လုံခြုံမှုကို အဓိကထားခြင်းဖြင့် Application များ တည်ဆောက်မှုတွင် အမြင့်ဆုံး ဖြစ်သည်။ ဌာနတစ်ခုမှ ပိုင်ဆိုင်သော Private data များကို ထိန်းသိမ်းရန် အခြေခံရမည့် အချက်များကို ချမှတ်နိုင်မည် ဖြစ်သည်။
Authentication (လုပ်ငန်း၏ တာဝန်များအရ ဝင်ရောက် အသုံးပြုခွင့်)
SaaS Provider များတွင် Application များကို ထိန်းသိမ်းရန် အသုံးပြုသူများထဲတွင် ကိုယ်ပိုင် User Account များကို တာဝန်ဆောင်ရွက်ရန် တည်ဆောက်ထားခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုခွင့် ရရှိကြသည်။ အစိုးရဌာနများတွင် Application ကို ဝယ်ယူပြီး User များကို ဖန်တီး အသုံးပြုကြရာ SaaS Provider များသည် အသုံးပြုသူ အမှန်တကယ် အသုံးပြုခွင့်ရှိသူ ဟုတ်မဟုတ် စစ်ဆေးပါသည်။ Provider များသည် delegated-administration model ကို နှစ်မျိုး သတ်မှတ်ပါသည်။ ယင်းတို့မှာ Centralized authentication system နှင့် Decentralized authentication system တို့ ဖြစ်သည်။ Decentralized authentication system တွင် SaaS Provider များသည် အသုံးပြုနိုင်သော User များကို Own User directory System ကို ဌာနများအတွက် တည်ဆောက်ပေးထားပါသည်။ သို့သော် Decentralized Approach သည် Centralized approach ထက် ပိုမို ရှုပ်ထွေးပါသည်။ Centralized authentication system တွင် federation serviceကို ထားရှိပြီး အသုံးပြုသူ တစ်ဦးခြင်းစီကို Federation System တစ်ခုစီ ထားပေသည်။
Authorization (လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပေးထားသော အသုံးပြုခွင့်)
SaaS Application တွင် အသုံးပြုသူ user တိုင်းသည် သတ်မှတ်ထားသော အသုံးပြုခွင့် ရှိကြသည်။ သို့သော် User Level အလိုက် အသုံးပြုနိုင်သော Function များ ကွာခြားကြသည်။ ဌာနချင်း ကွာခြားမှုသည် User ၏ အသုံးပြုရသော Application သည် လိုက်ပြီး ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ထို User role ကို Application Permission စနစ်မှ ခွင့်ပြုမှုအဆင့် ဖြစ်သည်။ User Role သည် အသုံးပြုနေသော user တစ်ဦးခြင်းမဟုတ် User Group ကိုပါ သတ်မှတ်နိုင်သော ဆောင်ရွက်မှုများကြောင့် လုံခြုံမှု အဆင့်အတန်းသည် မြင့်သထက် မြင့်မားလာပြီ ဖြစ်သည်။ လိုအပ်သလို အဆင့် သတ်မှတ်ပေးနိုင်ခြင်းသည် User တစ်ဦးတည်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမို လုပ်ဆောင်နိုင်ခြင်းနှင့် Permission တစ်ခုမက ရရှိခြင်းနှင့် ကောင်းမွန်သော လုံခြုံမှု ဦးတည်ချက် ဖြစ်လာသည်။
(၄) အစိုးရ ဌာနများ၏ it Department များသည် စိန်ခေါ်မှုများနှင့် အခွင့်အရေးများကို ရင်ဆိုင်ကြုံတွေ့ရခြင်း
အစိုးရ၏ အိုင်တီဌာနများသည် တန်ဖိုးထား ဆောင်ရွက်ရသော ရုံးလုပ်ငန်းများရှိရာ နောက်ပိုင်း စာရင်းဇယားများဖြင့် ဆောင်ရွက်ရသည်။ ထိုလုပ်ငန်းများကို Desktop ကွန်ပျူတာများဖြင့် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ဆော့ဖ်ဝဲများ တည်ဆောက် ပေးသင့်သည်။ အိုင်တီဝန်ထမ်းများ မြောက်မြားစွာ လိုအပ်လာမည် ဖြစ်ရာ ၎င်းဝန်ထမ်းများသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် လုပ်ငန်းများ ရှိမရှိ စစ်ဆေးခြင်း၊ အမှားပမာဏ လက်ခံနိုင်ခြင်း ရှိမရှိနှင့် နည်းပညာသစ်များနှင့် Application များ ကိုက်ညီမှု ရှိမရှိ ချိန်ကိုက် စစ်ဆေးရန် လိုအပ်လာသည်။ IT Staff များ ရင်ဆိုင် ကြုံတွေ့ရမည့် အချက်များမှာ SaaS Platform ၏ အော်ပရေတာများကို Platform builder များဖြင့် သတ်မှတ်ရန် လိုလာလိမ့်မည်။ အိုင်တီဝန်ထမ်းများသည် အမြဲတမ်း လေ့လာခြင်း၊ လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ရာ၌ ပိုမို လျှင်မြန်ခြင်း၊ စက်မှု လုပ်ငန်းများကို ပိုမို တိုးတက်အောင် ထိန်းသိမ်း ကွပ်ကဲနိုင်ခြင်း၊ နည်းပညာဆိုင်ရာ အခြေခံ တတ်မြောက်အောင် ကြိုးစားခြင်း၊ စီးပွားရေး လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရောင်းသူဝယ်သူတို့ အကြားတွင် နည်းပညာဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်ခြင်းတို့ပင် ဖြစ်သည်။
အိုင်တီဝန်ထမ်းများသည် အသစ် တည်ဆောက်ထားသော Application များကို စီးပွားရေး လုပ်ငန်းများနှင့် ကိုက်ညီ မကိုက်ညီ၊ စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို စစ်ဆေးခြင်း၊ SaaS Platform စနစ်ကို အခြေခံထားခြင်း၊ သင့်တော်သော တည်ဆောက်မှုများ၊ ဝန်ဆောင်မှု စွမ်းအင် တိုးတက်မှုများ၊ ကုန်ကျစရိတ် လျော့ချနိုင်ခြင်းတို့ကို ဆက်လက် ထိန်းသိမ်းထားရမည် ဖြစ်သည်။
သူရအောင်

No comments:
Post a Comment