ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Saturday, December 15, 2012

တစ်ယောက်သောသူ


မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် တကယ်တမ်း ဆောင်ရွက် နိုင်သောသူမှာ တစ်ယောက်သောသူသာ ဖြစ်သည်။ ထိုတစ်ယောက်သော သူသည် တောသူတောင်သား ဆိုလည်း ဟုတ်၊ မြို့ကြီးပြကြီးသား ဆိုလည်း ဟုတ်သည်။ ချမ်းသာသလား ဆိုလျှင် ချမ်းသာပါသည်ဟု ဖြေရမည် ဖြစ်သလို ငွေကြေး ချို့တဲ့သူ ဆိုလျှင်လည်း မှန်သည်။ ကချင်လား၊ ကယားလားဟု မေးလျှင် ခေါင်းညိတ်ရသလို ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုလျှင်လည်း ခေါင်းမခါနိုင်။ ပြည်တွင်းနေ ပြည်ပရောက်၊ ပညာတတ် ပညာနည်း၊ ကျား မ၊ သက်ကြီး သက်လတ် သက်ငယ်မျိုးစုံ ဖြစ်နိုင်သည်။

အင်ဂျင် စက်ဖြင့် လျှပ်စစ် မီးထွန်းခြင်း အခမ်း အနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃ ( From မြ၀တီ )

နေပြည်တော် ကောင်စီ နယ်မြေ ဒလန့်ချွန် ကျေးရွာအုပ်စု ရွာမ ကျေးရွာ၌ ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက နေပြည်တော် ကောင်စီ၏ စီစဉ် ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော အင်ဂျင် စက်ဖြင့် လျှပ်စစ် မီးထွန်းခြင်း အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ အခမ်း အနားကို နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာ မီးရရှိမှု အခြေ အနေများကို လှည့်လည် ကြည့်ရှု ကြသည်။ ရွာမ ကျေးရွာရှိ အိမ်ခြေ ၁၉၉ လုံး၊ အင်ဂျင် စက်ဖြင့် လျှပ်စစ် မီးထွန်း နိုင်ရေး အတွက် နေပြည်တော် ကောင်စီ၏ ပံ့ပိုး ငွေကျပ် ၇၇ဝဝဝဝ နှင့် ကျေးရွာမှ ထည့်ဝင် ငွေကျပ် ၁ဝ သိန်း စုစုပေါင်း ငွေကျပ် ၁၇ သိန်း ၇ သောင်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေသည် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ  ဆောင်ရွက်ပေးသော အလယ်တန်း ကျောင်းခွဲ ရေစစ်ကန် ကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကျေးရွာ စာကြည့်တိုက် အတွက် စာအုပ်၊ စာစောင် များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းကြောင်း သိရသည်။

Online Electricity Billing Services စတင်ပြီ..


 
          Yatanarpon Teleport နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၊ မြန်မာ့ စီးပွားရေး ဘဏ်တို့နှင့် ပူးပေါင်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (Online Electricity Billing Services) Online မှတစ်ဆင့် Yatanarpon Online Payment Gateway (Ypay) ကို အသုံးပြု၍ လျှပ်စစ် သုံးစွဲခ ပေးဆောင်ခြင်း ကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ၏ ခွင့်ပြုချက်ဖြင့် ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရှိရသည်။
       Online မှတစ်ဆင့် လျှပ်စစ်မီတာ သုံးစွဲခ ဘေလ် ပေးဆောင်ခြင်းကို ယခုအခါ နေပြည်တော်နှင့် မန္တလေး တိုင်း ဒေသကြီး တို့တွင် လစဉ်လတိုင်း ၁၅ ရက်မှ ၂၄ ရက်အတွင်း https://ebilling.ypay.com.mm/ တွင် စတင်ပေးဆောင်နိုင်ကြောင်းနှင့် မကြာမီတွင် ရန်ကုန်တိုင်းဒေသကြီးတွင်ပါ ပေးဆောင် နိုင်မည် 
ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

Friday, December 14, 2012

www.moep.gov.mm , လျှပ်စစ်စွမ်းအား website အား ကြိုဆိုပါ၏။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲ့ Website Online ပေါ်တက်လာပါပြီ....e-government ဖော်ဆောင်တဲ့နေရာမှာ အစိုးရ ရဲ့ Website တစ်ခု ပေါ်ထွန်းလာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်.... ဘယ်လို အခက်အခဲမဆို ကျော်ဖြတ်နိုင်ပြီး e-government လုပ်ငန်းများအား အပြည့်အ၀ လုပ်ကိုင်ရင်း ပြည်သူအတွက် ၀န်ဆောင်မှုပေးနိုင်တဲ့ ဆိုဒ် တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

Sunday, November 25, 2012

Do we have a clear vision and priorties for e-Government


e-Government ဆိုသည်မှာ အစိုးရက ပြည်သူများကိုပေးနေသည့်ဝန်ဆောင်မှုများကို ပိုကောင်းအောင် လုပ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ ကုန်ထုတ်စွမ်းအားနှင့် စွမ်းဆောင်ရည် ပိုမြင့်မားအောင်လုပ်ခြင်း၊ တရားရေးမဏ္ဌိုင် ပိုကောင်းအောင်၊ ပိုကျယ်ပြန့်ခိုင်မာအောင်လုပ်ခြင်း စသည့် အရာအားလုံး အကျုံးဝင်ပါသည်။
        ဤတွင် အချို့က ပြန်လှန်မေးနိုင်ပါသည်။ e-Government ဆိုသည့်အရာကိုလုပ်လျှင် Corruption ဟုခေါ်သည့် အဂတိလိုက်စားမှုများ လုံးဝချုပ်ငြိမ်းသွားနိုင်မည်လားဟု မေးကြပါ သည်။ e-Government က ဤကိစ္စများ ချုပ်ငြိမ်းအောင် လုပ်ပေးနိုင်လိမ့်မည်ဟု အာမခံချက်မ ပေးနိုင်ပါချေ။ ကမ္ဘာပေါ်၌လည်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု (Corruption) ကင်းသည့်နိုင်ငံ၊ ကင်းသည့်အဖွဲ့အစည်းဟူ၍ မရှိနိုင်ပါ။ များခြင်းနှင့် နည်းခြင်းကွာခြားမှုသာရှိ ပါသည်။

Why are we Pursuing e-Government?


လက်ရှိကမ္ဘာ့စီးပွားရေးသည် သုတအခြေခံစီးပွားရေး(Knowledge–Based Economy) ဖြစ်၏ ။ ဤသုတ အခြေခံစီးပွားရေး၌ နိုင်ငံသူနိုင်ငံသားများ၊ စီးပွားရေးအဖွဲ့အစည်းများအနေ နှင့် အခွင့်အလမ်းအသစ်များ ရှာဖွေတွေ့ရှိနိုင်အောင် e-Government က အကူအညီပေးပါ သည်။
        e-Government ဆိုသည်မှာ လွယ်လွယ်နှင့် လုပ်၍မရသလို ဈေးချိုချိုနှင့်လည်း အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။ e-Government  ဆိုသည်မှာ အစိုးရ ၏ ယန္တရား ကြီးတစ်ခုလုံးအား အသွင်ပြောင်းပြီး ပိုကောင်းအောင် ဖော်ဆောင်သည့် ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါသည်။ ဤဖြစ်စဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ပါက အများစုမျှော်လင့်တောင့်တသည့် Information Society ဟုခေါ်သည့် သတင်းအချက်အလက် များနှင့် ပြည့်ဝနေသည့် လူအဖွဲ့အစည်း ကြီး ပေါ်ထွန်းလာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ကြောင်း နားလည်ဖို့ လိုပါသည်။
        e-Government ကို အကောင်အထည်ဖော်နေသည့် တစ်ချိန်တည်းမှာပင် I- Government လမ်းကြောင်းပေါ်ကို တစ်ဆင့်တက်လှမ်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါသည်။ ဤနေရာ၌ I သည် Intelligent နှင့် Information ကို ကိုယ်စားပြုပါသည်။

ပြည်သူကို ချစ်တဲ့ ခေါင်းဆောင်ဆိုတာ


ဒါမှ ဒို့ရဲ့ သမ္မတကြီး.....(မဆိုင်တဲ့သူတွေတော့ အပြစ်မပြောချင်တော့ပါဘူး....ဒီလိုနေကြပါ) ...ဓာတ်ပုံ ကို သေချာကြည့်ပါ...ပြည်သူဆီက အားကိုးမှု..အထင်ကြီးလေးစားမှု လိုချင်လို့ ကလေးချီထားတာမဟုတ် ဘူးနော်....စိတ်ရင်းနဲ့ဆိုတာ အရမ်းကိုပေါ်လွင်နေတယ်...