ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Sunday, November 25, 2012

Do we have a clear vision and priorties for e-Government


e-Government ဆိုသည်မှာ အစိုးရက ပြည်သူများကိုပေးနေသည့်ဝန်ဆောင်မှုများကို ပိုကောင်းအောင် လုပ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ ကုန်ထုတ်စွမ်းအားနှင့် စွမ်းဆောင်ရည် ပိုမြင့်မားအောင်လုပ်ခြင်း၊ တရားရေးမဏ္ဌိုင် ပိုကောင်းအောင်၊ ပိုကျယ်ပြန့်ခိုင်မာအောင်လုပ်ခြင်း စသည့် အရာအားလုံး အကျုံးဝင်ပါသည်။
        ဤတွင် အချို့က ပြန်လှန်မေးနိုင်ပါသည်။ e-Government ဆိုသည့်အရာကိုလုပ်လျှင် Corruption ဟုခေါ်သည့် အဂတိလိုက်စားမှုများ လုံးဝချုပ်ငြိမ်းသွားနိုင်မည်လားဟု မေးကြပါ သည်။ e-Government က ဤကိစ္စများ ချုပ်ငြိမ်းအောင် လုပ်ပေးနိုင်လိမ့်မည်ဟု အာမခံချက်မ ပေးနိုင်ပါချေ။ ကမ္ဘာပေါ်၌လည်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု (Corruption) ကင်းသည့်နိုင်ငံ၊ ကင်းသည့်အဖွဲ့အစည်းဟူ၍ မရှိနိုင်ပါ။ များခြင်းနှင့် နည်းခြင်းကွာခြားမှုသာရှိ ပါသည်။

Why are we Pursuing e-Government?


လက်ရှိကမ္ဘာ့စီးပွားရေးသည် သုတအခြေခံစီးပွားရေး(Knowledge–Based Economy) ဖြစ်၏ ။ ဤသုတ အခြေခံစီးပွားရေး၌ နိုင်ငံသူနိုင်ငံသားများ၊ စီးပွားရေးအဖွဲ့အစည်းများအနေ နှင့် အခွင့်အလမ်းအသစ်များ ရှာဖွေတွေ့ရှိနိုင်အောင် e-Government က အကူအညီပေးပါ သည်။
        e-Government ဆိုသည်မှာ လွယ်လွယ်နှင့် လုပ်၍မရသလို ဈေးချိုချိုနှင့်လည်း အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။ e-Government  ဆိုသည်မှာ အစိုးရ ၏ ယန္တရား ကြီးတစ်ခုလုံးအား အသွင်ပြောင်းပြီး ပိုကောင်းအောင် ဖော်ဆောင်သည့် ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါသည်။ ဤဖြစ်စဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ပါက အများစုမျှော်လင့်တောင့်တသည့် Information Society ဟုခေါ်သည့် သတင်းအချက်အလက် များနှင့် ပြည့်ဝနေသည့် လူအဖွဲ့အစည်း ကြီး ပေါ်ထွန်းလာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ကြောင်း နားလည်ဖို့ လိုပါသည်။
        e-Government ကို အကောင်အထည်ဖော်နေသည့် တစ်ချိန်တည်းမှာပင် I- Government လမ်းကြောင်းပေါ်ကို တစ်ဆင့်တက်လှမ်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါသည်။ ဤနေရာ၌ I သည် Intelligent နှင့် Information ကို ကိုယ်စားပြုပါသည်။

ပြည်သူကို ချစ်တဲ့ ခေါင်းဆောင်ဆိုတာ


ဒါမှ ဒို့ရဲ့ သမ္မတကြီး.....(မဆိုင်တဲ့သူတွေတော့ အပြစ်မပြောချင်တော့ပါဘူး....ဒီလိုနေကြပါ) ...ဓာတ်ပုံ ကို သေချာကြည့်ပါ...ပြည်သူဆီက အားကိုးမှု..အထင်ကြီးလေးစားမှု လိုချင်လို့ ကလေးချီထားတာမဟုတ် ဘူးနော်....စိတ်ရင်းနဲ့ဆိုတာ အရမ်းကိုပေါ်လွင်နေတယ်...

Tuesday, November 20, 2012

C.A.R.E Vs e-Government



အင်္ဂလိပ်လို CARE ဆိုလျှင် ဂရုစိုက်မှု၊ ဂရုစိုက်ခြင်းကို ဆိုလိုသည်။ e-Government လုပ်လျှင် နိုင်ငံသူနိုင်ငံသားတို့ကို ဂရုစိုက်သည်။ နိုင်ငံတွင်းရှိ စီးပွားရေးအဖွဲ့ အစည်းများကို ဂရုစိုက်သည်။ C.A.R.E ဟူသော စကားလုံးပါ အင်္ဂလိပ်အက္ခရာ တစ်လုံးချင်းမှာလည်း သီးခြားအဓိပာယ် ကိုယ်စီရှိနေပါသည်။ “C” သည် Courtesy ကို ဆိုလိုသည်။ ယဉ်ကျေးပျူငှာဖော်ရွေမှုကို ကိုယ်စားပြုသည်။ e-Government လုပ်လာလျှင် အစိုးရအဖွဲ့အစည်းရှိ ၀န်ထမ်းတွေက ပြည်သူကို မောက်မောက် မာမာဆက်ဆံလို့ မရနိုင်တော့။ (တာဝန်ရှိသူထံ ချက်ချင်း e-mail ပို့၍ တိုင်လိမ့်မည်။) ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်ဖို့ လိုလာသည်။
       “A” သည် Accessibility ကို ကိုယ်စားပြုသည်။ အစိုးရ၏ ကုန်စည်နှင့် ၀န်ဆောင်မှုကို ရယူသုံးစွဲလိုသူ ပြည်သူအများ လွယ်လင့်တကူ သုံးစွဲနိုင်ခွင့်ရှိ အောင် စီမံဖန်တီးပေးထားခြင်းကို ဆိုလိုသည်။ “R” သည် Responsiveness ကို ဆိုလိုသည်။ တုံ့ပြန်နိုင်မှုအားကို ညွှန်းသည်။ နွေးနွေးထွေးထွေး တုံ့ပြန်မှုသာမက မြန်ဆန်သောတုံ့ပြန်မှုမျိုးကိုပါ ခေတ်က တောင်းဆိုလာသည်။ ထို့ကြောင့်ကြိုးနီ စနစ်သည် e-Government ၌ မရှိနိုင်တော့။ အချိန်တိုအတွင်း အမြန်ဆုံးတုံ့ပြန်မှုကို တောင်းဆိုလာသည်။ “E” သည် Effectiveness ဖြစ်၏ ။ ပြည်သူ၏ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ အရေးကြီးသည်ကို အရင်ပြုလုပ်ပေးခြင်း ဖြစ်၏ ။ မှန်ရာကိုလုပ်ပေးခြင်း ဖြစ်သည်။

The best way


နိုင်ငံသူနိုင်ငံသားများ၊ စီးပွားရေးအဖွဲ့အစည်းများသည် အစိုးရအဖွဲ့အစည်း များထံမှ အကောင်းဆုံးနည်းလမ်း (The best way) ကိုသာ လိုချင်ကြသည်။ အစိုးရဌာနဆိုင်ရာများ အသီးသီးကလည်း အကောင်းဆုံးဝန်ဆောင်မှုများပေးဖို့ အတွက် တာဝန်ကိုယ်စီရှိ၏ ဤတွင် “အကောင်းဆုံးနည်းလမ်း” ဆိုသည်မှာ မည်သည့် အရာကိုဆိုလိုသနည်းဟု ပြန်မေးစရာရှိ၏ ။ နိုင်ငံသူနိုင်ငံသားနှင့် စီးပွား ရေးအဖွဲ့အစည်းတို့က လိုချင်သည့်ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို ထိထိ ရောက်ရောက်ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည်ရှိရှိ ဖြည့်ဆည်းပေးခြင်း၊ လိုချင် သည့်အချိန်၊ လိုချင်သည့်နေရာ၊ အဆင်ပြေပြေ၊ ယဉ်ယဉ်ကျေးကျေး၊ နွေးနွေးထွေးထွေး၊ ပျူပျူငှာငှာ၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးခြင်းသည် အကောင်းဆုံးနည်း လမ်းပင် ဖြစ်၏ ။ ထို့ကြောင့် နိုင်ငံသူနိုင်ငံသားများထံမှ မလိုသည့် အချက်နှင့် သတင်းများမတောင်းရေး၊ ဟိုပြေးသည်ပြေး၊ ဟိုဝင်သည် ထွက်ဖြင့် ကြိုးနီစနစ် အဆင့်ဆင့်ခံမနေစေရေးတို့သည် e-Government ၏ တောင်းဆိုချက်များ ဖြစ်သည်။ လိုအပ်သည်ထက် အချိန်ပိုဆွဲကာ လုပ်ငန်း ဆောင်ရွက်ပေးမှုမျိုးသည်လည်း e-Government ဟူသော စကားရပ်နှင့် အံဝင်မှုမရှိပေ။

e-Government


အစိုးရ၏သတင်းနှင့်ဝန်ဆောင်မှုများကို နိုင်ငံသူနိုင်ငံသား တို့၏ အကျိုးစီးပွားအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး (ICT) နည်းပညာများအား ထိထိရောက်ရောက် အသုံးပြု၍ ဝေငှစွမ်းဆောင်ပေးခြင်းကို e-Government ဟု ဆိုနိုင်ပါသည်။
        အခြားဖွင့်ဆိုချက်တစ်ရပ်မှာ ဆက်သွယ်ရေးနည်းပညာနှင့် အင်တာနက် နည်းပညာများ အသုံးပြုကာ အစိုးရအဖွဲ့အစည်းများအကြား၊ အစိုးရဌာနနှင့် စီးပွားရေးအဖွဲ့ အစည်းများအကြား၊ အစိုးရနှင့် နိုင်ငံသားများအကြား၊ ၀န်ဆောင်မှုပေးရမည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် အကျိုးအမြတ်အများဆုံးရရှိစေသည်အထိ ဆောင်ရွက်ပေးခြင်းကို e-Government ဟု ဆိုနိုင်ပါသည်။
       ထို့အပြင် e-Government သည် နိုင်ငံသားနှင့် စီးပွားရေး အဖွဲ့အစည်းများ က အစိုးရဌာနများနှင့် ပတ်သက်ပြီး သိလိုသည့် အချက်အလက်များကို ၀င်ရောက် ကြည့်ရှုနိုင်သောဗဟိုတံခါးမကြီးအဖြစ် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် အစိုးရနှင့်အစိုးရအဖွဲ့အစည်းများအကြား လုပ်ငန်းများသွက်လက်လျင် မြန်ပြီး စရိတ်သက်သာစွာဖြင့် ပြီးစီးနိုင်စေရန် အစိုးရ၏သတင်း အချက်အလက်များ ကို စီမံခန့်ခွဲထားသည့်စနစ်ဟူ၍ လည်းကောင်း ရှုမြင်ကြပါသည်။

Saturday, November 17, 2012

eGovernment ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာခြင်း







eGovernment တစ်ရပ်၏ အဆင့်အတန်းကို တိုင်းတာနိုင်သော သင့်တော်လျောက်ပတ်သည့် ချဉ်းကပ်တိုင်းတာနည်းများ အမျိုးမျိုးရှိ နိုင်ပါသည်။  သို့သော် ထိုသို့ တိုင်းတာနည်းများ အမျိုးမျိုး ကွဲပြားနေသည့် အတွက် မည်သည့်နည်းမှာ စံ ဖြစ်သည်ဟု မေးရန် ရှိပါသည်။ တိုင်းတာမှုများတွင် ဘုံသဘောတူညီသည့် အချက်များမှာ တိုင်းပြည်၏ စီးပွားရေးအင်အား၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပညာရေး အဆင့်အတန်း တို့ ဖြစ်ကြပါသည်။ ယင်းအချက် သုံးချက်စလုံးမှာလည်း စွမ်းဆောင်ရည် Capacity နှင့် အကျုံးဝင် ပါသည်။ နည်းပညာနှင့် ပညာရေး အဆင့်ဟူသော အချက်များမှာမူ အမျိုးသားအဆင့် အွန်လိုင်းဝန်ဆောင်မှု များ၏ အနေအထားကို တိုက်ရိုက်ပြဆိုနေပြီး၊ ကုလသမဂ္ဂ၏ eGovernment ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအတွက် အဓိက စံ များပင် ဖြစ်ပါသည်။

ကောင်းမွန်သော အွန်လိုင်းအစိုးရ စနစ်ဆီသို့


၂၁ရာစုအတွင်း အချိန်နှင့်အမျှ ပြောင်းလဲလာနေသော နည်းပညာ များစွာတို့၏ လှိုင်းကယက်နှင့်အတူ ဖွဲ့စည်းပါဝင် နေကြသော လူသားတို့၏ နိစ္စဓူဝ လုပ်ငန်းစဉ် များသည်းလည်း သမားရိုးကျ ဆောင်ရွက်လုပ်ကိုင် နေကြရာမှ နည်းပညာ လှိုင်းကို စီးနင်း၍ အသွင်သဏ္ဍာန်သစ်ကို ယူကာ ကျွနိုပ်တို့၏ နေ့စဉ် ဘဝထဲသို့ စိမ့်ဝင်ပျံ့နှံ လာနေကြောင်း သတိပြုမိကြမည် ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (Information and Communication Technology - ICT) ကောင်းစွာ ဖွံ့ဖြိုးလာသည်နှင့် အတူ ယင်း ICT အား ထိရောက်စွာ အသုံးချထားသည့် အီလက်ထရွန်နစ် စနစ်သုံး အစိုးရ (Electronic Government) သို့မဟုတ် eGovernment (eGov) ဟူသော ပညာရပ် (Discipline) တစ်ခုလည်း ပေါ်ပေါက်လာခဲ့ ပါသည်။
ဤတွင် eGovernment (သို့မဟုတ်) အွန်လိုင်းအစိုးရစနစ် (Online Government System) အား ကျွန်တော့်အနေဖြင့် ပညာရပ် (Discipline) ဟူ၍သာ သုံးနှုန်းခဲ့ပါသည်။ eGovernment သည် အလှကုန် ပစ္စည်း (Product/Goods) လော၊ ဝန်ဆောင်မှု (Service)လော၊ လုပ်ငန်းဆောင်ရွက် လည်ပတ်မှု နည်းစနစ် (Process)လော ဟူသည့် မေးခွန်းပေါင်း စွာတို့အား လေ့လာပြီးသည့် နောက်တွင် (eGov)အား Discipline တစ်ခု အနေဖြင့်သာ သဘောယူ၍ ဆွေးနွေးခြင်းက ပို၍ အဆင်ပြေမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ ရသောကြောင့် ဖြစ်ပါသည်။

e-Government လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ခြင်းနှင့် စိန်ခေါ်မှုများ


များသောအားဖြင့် အစိုးရဌာနများတွင် သီးသန့် IT Development များ ရှိကြပြီး သတင်း အချက်အလက်နှင့် နည်းပညာရပ်များကို တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများ၏ လိုအပ်မှုများနှင့် နေ့စဉ် ဆောင်ရွက်နေကျ IT လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေကြသည်။  နှစ်ပေါင်းများစွာ တည်ဆောက်မှုမှ ရရှိသော အတွေ့အကြုံအရ e-Government လုပ်ငန်းများကို Computerized စနစ် တည်ဆောက်ရာတွင် အရင်းအနှီးများစွာ လိုလာသည်။ အခြေခံ အဆောက်အအုံများစွာ ပေါ်တွင် အရင်းပြုထားရသည်။

သမားရိုးကျ ဆော့ဖ်ဝဲ တည်ဆောက်မှုများ အစိုးရ လုပ်ငန်းများသည် စနစ်တကျ ဆောင်ရွက်နိုင်မှု မရှိခြင်း၊ သိပ္ပံနည်းကျ စီမံခန့်ခွဲမှု မရှိခြင်း၊ စီမံကိန်းအရ ဆောင်ရွက်ရာတွင် စုစည်းမှု၊ ပေါင်းစည်းမှု အားနည်းခြင်းများကို တွေ့ရသည်။ အစိုးရ၏ ဌာနဆိုင်များသည် ကြိုးစား ရုန်းကန်နေကြရခြင်းသည် ယင်းတို့ ဆောင်ရွက်နေကြ လုပ်ငန်းများမှာ အဓိကအားဖြင့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ e-Government ဆောင်ရွက်နေသော ဌာနများ အဓိက ထားရမည်မှာ ဆောင်ရွက်နေသော Application များသည် တစ်ခုနှင့်တစ်ခု သွားမထပ်ရန်နှင့် နှစ်ခါ မလုပ်မီစေရန် အရေးကြီးသည်။ သတင်း အချက်အလက်များသည် ပြည့်စုံ မှန်ကန်မှု ရှိရပါသည်။ လုပ်ငန်းများသည် အသုံးပြုနေသော အရင်းအမြစ်များသည် အသုံးမပြုနိုင်ပါ။ လုပ်ငန်းမှ အမြတ်ရရှိမှုသည် နည်းပါသည်။ အစိုးရ၏ လုပ်ငန်းများမှာ ဝန်ဆောင်မှုကို အခြေခံသော အစိုးရ (Service-Oriented Government) ဖြစ်သည်။ စီးပွားရေး လုပ်ငန်းနှင့် ကွဲပြားမှုမှာ စီးပွားရေးအရ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှု ဖြစ်သည်။

e-governance & e-government



အီလက်ထရောနစ် အုပ်ချုပ်ရေး (e-governance) နှင့် အီလက်ထရောနစ် အစိုးရ (e-government) တို့သည် အမြင်တူသော်လည်း အသွင်မတူပေ။ တိုင်းပြည်ကို အုပ်ချုပ်ရသည့် အစိုးရနှင့် ထိုအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ် တို့သည် ခေါင်းနှင့် ပန်းပမာ ဆက်စပ်နေရသည်။

အီလက်ထရောနစ် အုပ်ချုပ်ရေးသည် အစိုးရနှင့်ပြည်သူ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြားတွင် အပြန်အလှန် အကျိုးပြုရမည့်အသွင်ဆောင်သည်။ အစိုးရအဖွဲ့သည် မိမိတို့အုပ်ချုပ်မှုကို ပွင့်လင်းပြီးပြည်သူတို့ ထင်သာမြင်သာရှိစေရန် ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် အီလက်ထရောနစ် အုပ်ချုပ်ရေးကလည်း များစွာအထောက်အကူပြု နိုင်ပါသည်။

အဂတိလိုက်စားမှု အကြောင်း၊အကျိုးနှင့် ကုထုံးများ


နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ
အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ
 မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၊ နေပြည်တော်
 ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ (၁၉-၂၁)ရက်
အဂတိလိုက်စားမှု - အကြောင်း၊ အကျိုးနှင့် ကုထုံးများ
(ပြုစုသူ - ဦးမြင့်)
အနှစ်ချုပ်

ဤစာတမ်းတွင် ဖော်ပြလိုသည်မှာ ''တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းစဉ် ချမှတ် အကောင်အထည် ဖော်ရာတွင် အဂတိ လိုက်စားမှု ပြဿနာကို အလေးပေး ထည့်သွင်း စဉ်းစားဖို့ လိုလိမ့်မည်'' ဆိုသော အမှာစကား ဖြစ်ပါသည်။

အထူးသဖြင့် ထိန်းချုပ်မှုအတန်အသင့်ရှိနေဆဲဖြစ်ပြီး၊ ဗဟိုမှ သတ်မှတ်ပေးသော စီးပွားရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်လည်း မကင်းတတ်သေးသော ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံတစ်ခုတွင် အဂတိလိုက်စားမှု၏ အကြောင်းရင်းခံနှင့် အကျိုးဆက်များကို ဆွေးနွေး တင်ပြထားပါသည်။

Friday, November 16, 2012

နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်း မရှိစေဖို့ ထောက်ပံ့ရေး နည်းလမ်းများ


အကျင့်ပျက် ခြစားမှုကို ဖြစ်စေတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေဖို့ နိုင်ငံ့ ဝန်ထမ်းတွေ အပေါ် နိုင်ငံမှ နောက်ထပ် တာဝန်ယူ ထောက်ပံ့တာတွေ ရှိစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို လစာကို လုံလောက်အောင် မြှင့်တင်ပေးဖို့ဘက်မှာ ကျနော်ကတော့ အမြဲတမ်း ရပ်တည်ပြီး တောင်းဆိုပေးခဲ့ပါတယ်။ ဥပမာ ဦးရွှေမန်း အဆိုပြုချိန်တုန်းက ဖြစ်ပါတယ်။ များသောအားဖြင့် လစာနဲ့ ကုန်ဈေးနှုန်းကိစ္စကို ပြောသင့်ပြောထိုက်လို့ ပြောကြပါတယ်။ အများသိနေကြတဲ့ လစာတိုးရင် ကုန်ဈေးနှုန်း တက်မယ် ဆိုတာမျိုး မဖြစ်အောင် ထိန်းကြတာလည်း ကောင်းတဲ့ လက္ခဏာတရပ်လို့ ယူဆပါတယ်။ လူတဦး အနေနဲ့ နေ့စဉ် လိုအပ်ချက်အတွက် ဝယ်ယူ သုံးစွဲရတာတွေအပေါ် လုံလောက်တဲ့ လစာငွေ ရှိနေရပါမယ်။ ပိုလျှံတာကို နောင်ရေးအတွက် စုမိဆောင်းမိတာမျိုးထိ ဖြစ်အောင် စီစဉ်ပေးနိုင်ရပါမယ်။

Thursday, November 15, 2012

e-Government ကောင်းကျိုးနဲ့ ဆိုးကျိုး


ကောင်းကျိုးများ

အချိန်တို လျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကတော့ အခြေခံ အကျဆုံးသော ကောင်းကျိုး တစ်ခု ဖြစ်ပါတယ်။  တကယ်တော့ ဒါဟာအစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေပါတယ်။ ပြည်သူ့အတွက် အစိုးရဖြစ်တာကြောင့် အစိုးရအတွက် ပြည်သူဆိုတာလဲ လိုအပ်ပါတယ်။ ဒါကြောင့် လူထု အဆင်ပြေ ချောမွေ့နေစေရေး လုပ်ငန်းဆောင်တာများဟာ ကောင်းကျိုး ဖြစ်ထွန်းမှုကို ဦးတည်ပါတယ်။ အစိုးရရဲ့ နေ့စဉ် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာများကို e-Government ကဏ္ဍမျိုးစုံကနေ တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်နေတဲ့ လူထုကြီးကို တိုက်ရိုက်နဲ့ မြန်မြန်ချထား အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပွင့်လင်းတဲ့ ဆက်ဆံရေးဟာ လူထုနဲ့အစိုးရကြားမှာ ကြီးမားတဲ့ ယုံကြည်မှုကို ဖြစ်ထွန်းစေပါတယ်။ ဒီအပြင်လည်း ဒီလိုဆောင်ရွက်မှုကြောင့် ကမ္ဘာနဲ့ချီတဲ့ အစိုးရသတင်းအချက်အလက် ဖြန့်ဝေရာ ဌာနကြီးအဖြစ်လည်း ဖြစ်နေမှာဖြစ်သလို မိမိတို့အစိုးရ ဘာတွေလုပ်တယ် ဆိုတာကို နေရာစုံကနေ အချိန်မရွေး သိရှိနေနိုင်ပြီး ကမ္ဘာအနှံ့က မိမိတို့ နိုင်ငံသားတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို အစိုးရက ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နေခွင့်လည်း ရရှိနေမှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေ အင်တာနက်နဲ့ ပတ်သက်ပြီး ၀န်ဆောင်မှာလား.....၀န်စီးမှာလား...(မောင်ကျောက်ခဲ(မြန်မာပြည်ထံမှ ကူးယူဖော်ပြပါသည်))

ကျွန်တော်တို့တစ်တွေ အလုပ် လုပ်ကြရာမှာ တစ်ခါတလေကျတော့ ရှေ့တစ်လှမ်းတိုးလိုက်၊ နောက်တစ် လှမ်း၊ တစ်ခါတလေ နှစ်လှမ်းလောက် ဆုတ်လိုက်ဆိုတာမျိုးတွေ ကြုံရပါ တယ်။ ဘာလို့ အခုလို ရှေ့တိုး နောက်ဆုတ်ဖြစ်နေရသလဲဆိုတာ စဉ်းစားကြည့်ရင် အစကတည်းကိုက အခြေခံ ခိုင်ခိုင်မာမာမရှိဘဲ ပေါ်ပင် လုပ်ခဲ့တာတွေ ကြောင့်ဖြစ်တယ်လို့ အလွယ်တကူ သုံးသပ်ချင်တာပါပဲ။

အီလက်ထရွန်းနစ် နည်းပညာ သုံး အစိုးရဝန်ဆောင်မှု (E-government) ဆိုတာ အစိုးရဌာနတွေရဲ့ သတင်းနဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံ သူနိုင်ငံသားတွေရဲ့ အကျိုးစီးပွား အတွက် သတင်းအချက်နဲ့ ဆက် သွယ်ရေးနည်းပညာတွေ ထိထိ ရောက်ရောက် အသုံးပြု၊ ဝေငှတာ၊ ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

ဒီနေရာမှာ အစိုးရလုပ်ငန်း ဆောင်တာရယ်၊ အီလက်ထရွန်းနစ် နည်းပညာ သုံးတာ ရယ်လို့ နှစ်ပိုင်း တွေ့ရပါတယ်။


အီလက်ထရွန်းနစ်နည်းပညာ အသုံးပြုတယ်၊ အသုံးပြုနိုင်အောင် စီစဉ်တယ်ဆိုရာမှာ စီစဉ်သူရယ်၊ အသုံးပြုသူရယ်၊ စီစဉ်ပုံ စီစဉ်နည်း ရယ် သုံးခု ပါဝင်ပါတယ်။