ရှေးဦးစွာ အခမ်း အနားကို နေပြည်တော်
ကောင်စီဝင် ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊
လယ်ဝေးမြို့နယ် အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာ မီးရရှိမှု အခြေ အနေများကို လှည့်လည်
ကြည့်ရှု ကြသည်။ ရွာမ ကျေးရွာရှိ အိမ်ခြေ ၁၉၉ လုံး၊ အင်ဂျင် စက်ဖြင့်
လျှပ်စစ် မီးထွန်း နိုင်ရေး အတွက် နေပြည်တော် ကောင်စီ၏ ပံ့ပိုး ငွေကျပ်
၇၇ဝဝဝဝ နှင့် ကျေးရွာမှ ထည့်ဝင် ငွေကျပ် ၁ဝ သိန်း စုစုပေါင်း ငွေကျပ် ၁၇
သိန်း ၇ သောင်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်
ဦးမြင့်ဆွေသည် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဆောင်ရွက်ပေးသော အလယ်တန်း
ကျောင်းခွဲ ရေစစ်ကန် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကျေးရွာ စာကြည့်တိုက်
အတွက် စာအုပ်၊ စာစောင် များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းကြောင်း
သိရသည်။



