ကျွန်တော်တို့တစ်တွေ အလုပ် လုပ်ကြရာမှာ တစ်ခါတလေကျတော့
ရှေ့တစ်လှမ်းတိုးလိုက်၊ နောက်တစ် လှမ်း၊ တစ်ခါတလေ နှစ်လှမ်းလောက်
ဆုတ်လိုက်ဆိုတာမျိုးတွေ ကြုံရပါ တယ်။ ဘာလို့ အခုလို ရှေ့တိုး
နောက်ဆုတ်ဖြစ်နေရသလဲဆိုတာ စဉ်းစားကြည့်ရင် အစကတည်းကိုက အခြေခံ
ခိုင်ခိုင်မာမာမရှိဘဲ ပေါ်ပင် လုပ်ခဲ့တာတွေ ကြောင့်ဖြစ်တယ်လို့ အလွယ်တကူ
သုံးသပ်ချင်တာပါပဲ။
အီလက်ထရွန်းနစ် နည်းပညာ သုံး အစိုးရဝန်ဆောင်မှု (E-government) ဆိုတာ
အစိုးရဌာနတွေရဲ့ သတင်းနဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံ သူနိုင်ငံသားတွေရဲ့
အကျိုးစီးပွား အတွက် သတင်းအချက်နဲ့ ဆက် သွယ်ရေးနည်းပညာတွေ ထိထိ ရောက်ရောက်
အသုံးပြု၊ ဝေငှတာ၊ ဆောင်ရွက်ပေးတာလို့ သိရပါတယ်။
ဒီနေရာမှာ အစိုးရလုပ်ငန်း ဆောင်တာရယ်၊ အီလက်ထရွန်းနစ် နည်းပညာ သုံးတာ ရယ်လို့ နှစ်ပိုင်း တွေ့ရပါတယ်။
အီလက်ထရွန်းနစ်နည်းပညာ အသုံးပြုတယ်၊ အသုံးပြုနိုင်အောင် စီစဉ်တယ်ဆိုရာမှာ
စီစဉ်သူရယ်၊ အသုံးပြုသူရယ်၊ စီစဉ်ပုံ စီစဉ်နည်း ရယ် သုံးခု ပါဝင်ပါတယ်။
ဒီနေရာမှာ ကျွန်တော် တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုနှစ်ခု ပြောပြချင်ပါတယ်။
ဂျာနယ်တစ်စောင် ထုတ်မယ် လုပ်ကြတော့ စာရွက်စာတမ်းတွေကို အင်တာနက်မှာ
ဝေမျှတဲ့စနစ်ကို သုံး ကြတယ်။ ကျွန်တော် ပေးချင်တဲ့ စာမူ ကို တင်ထားလိုက်ရင်
ကျန်တဲ့သူတွေ က ယူဖတ်ကြည့်လို့ရတယ်။ ကျွန် တော်ကလည်း တခြားသူတွေ တင်
ထားတာကို ယူဖတ်ကြည့်နိုင်တယ်။ ပြီးတော့ ပုံနှိပ်ဖို့ ပြင်ဆင်ကြတယ်။
အခုတော့ ကျွန်တော့်ဆီ တိုက် ရိုက်ပို့တဲ့နည်း၊ ကျွန်တော်က တိုက်
ရိုက်ပို့တဲ့နည်းကို သုံးတယ်။ တစ်ခါ တလေ ကျွန်တော်ကပို့ပေမယ့် ဖတ်တဲ့သူက
မဖတ်တာ၊ ရှာမတွေ့ တာ၊ ပျောက်တာတွေ ရှိလာတာကို တွေ့ရတယ်။
ပြည်တွင်းက သတင်းတွေ စု စည်း ပြန်လည်တင်ပြနိုင်ဖို့ Website တစ်ခုလုပ်တယ်။
သတင်း စုဆောင်း တည်းဖြတ်တဲ့အပိုင်းရယ်၊ နည်းပညာ ပိုင်းရယ်
နှစ်ပိုင်းခွဲထားတယ်။ သတင်းစုဆောင်း တည်းဖြတ်တဲ့သူက ဘယ်လောက် ပြီးပြီး
နည်းပညာသမားက လုပ်မပေး ဘူး။ သူတို့ ရဲ့နည်းပညာဆိုတာကို လည်း ဟန်ကြီး
ပန်ကြီးလုပ်ပြီး မျှဝေ မပေးဘူး။ မိနစ်ပိုင်းလောက် လုပ်ရင် ပြီးတာကို
ဘောလုံးပွဲကြည့်မပြီးသေး မချင်း၊ ရုပ်ရှင်ကြည့်လို့မပြီးမချင်း၊
သူတို့ကစားနေတာ မပြီးမချင်း စောင့် ရတယ်။ အခြေခံလောက် နည်း ပညာကို
ဧရာမနည်းပညာကြီးလို့ ထင်ရအောင် လုပ်ထားတယ်။
အဲဒီကတည်းက ပြောဖြစ်ပါ တယ်။ သာမန်လူတွေ အလွယ်တကူ သုံးနိုင်တဲ့
နည်းပညာမဟုတ်ရင် ဒါ ခေတ်နောက်ကျနေတဲ့ နည်းပညာပဲ ဆိုတာ။ ပြီးတော့
ဝေမျှရမှာစိုးတာကို က မဝေမျှလောက်လို့ ဝေမျှလိုက်ရင် သူတို့ လုပ်စရာမရှိ၊
အခန်းကဏ္ဍ မရှိ တော့လို့ပဲဆိုတာ သုံးသပ်ပြထားပါ တယ်။
နောက်ရုံးတွေ ခွဲကြမယ်ဆိုတော့ မှ သတင်းစုဆောင်းတင်ဆက်သူတွေ ကို နည်းပညာသုံး
သတင်းတင်နည်း တွေ သင်ပေးတယ်။ ခဏပဲသင်ရပြီး ခဏနဲ့ တတ်ကြတာပါ။ နဂိုလုပ်နေ
တဲ့သူတွေလည်း နည်းပညာအမြင့်ကို လှမ်းနိုင်တဲ့သူတွေ မဟုတ်ပါဘူး။
ကိုယ်တိုင်လည်းပဲ Blog တွေ ခေတ်စားချိန်မှာ Blog လုပ်ကြည့် တယ်။ Faceboook
သုံးတာ နည်း နည်း နောက်ကျတယ်။ ဒါပေမဲ့ အခု ဆို သုံးတာများလွန်းလို့ ပါမောက္ခ
ရှောင်တာနဲလ်က Star on Screen လို့တောင်ပြောတယ်။ အစိုးရဌာန တွေကိုယ်တိုင်က
Website တွေ လုပ် ရုံမက Facebook ပေါ်တက်လာ တာ၊ သတင်းတွေဝေမျှတာ၊ သတင်း တွေ
ရယူတာတွေကို သတိထားမိတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က E-Government ပြောနေတဲ့အချိန်မှာ Facebook
မပါဘူး။ အခုလို တယ် လီဖုန်းနဲ့ အင်တာနက် ကျယ်ကျယ် ပြန့်ပြန့်သုံးတာ
မရှိသေးဘူး။ အခု တယ်လီဖုန်းနဲ့ သုံးတဲ့အခါ သြဘငူန အတွက်ဆိုပြီး
သီးခြားဒီဇိုင်းဆွဲကြ၊ လုပ်ပေးကြတာ တွေ့ရတယ်။
ဟိုတုန်းက စစ်တမ်းတစ်ခု ကောက်ရာမှာ ကွန်ပျူတာအရေ အတွက်က
ကွန်ပျူတာသုံးနိုင်တဲ့သူ ထက် များနေတယ်ဆိုတဲ့ ကောက် ချက်တစ်ခုရခဲ့ဖူးတယ်။
တစ်နေ့က ဝန်ကြီးဌာနတစ်ခုရောက်တော့ မဟာ ဘွဲ့ရသူတွေ၊ အင်္ဂလိပ်ဘာသာ စကား
ပြောဆို ရေးသားနိုင်သူတွေ တော် တော်များများတွေ့ခဲ့ရလို့ ဝမ်းသာမိ
တယ်။လက်ရှိအခြေအနေမှာ ကွန်ပျူ တာတွေ (ဟိုတုန်းက Desktop) ထက် သုံးတတ်တဲ့၊
သုံးနိုင်တဲ့ သူတွေ ပိုများကောင်းရဲ့လို့ တွက်မိပါ တယ်။
တစ်နေ့က ဆွေးနွေးပွဲမှာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ ခရီးဝေး သွားတဲ့အခါ
တင်ပြဖို့၊ အမိန့်ခံဖို့၊ ခွင့် ပြုချက်တောင်းဖို့ခက်တယ်လို့ ပြော တယ်။
ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်လုံး ခရီးသွားနေတာဖြစ်ပေ မယ့်
တောက်လျှောက် ဆောင်းပါး တွေလည်း ပို့နိုင်တယ်။ အိန္ဒိယသွား စဉ်တုန်းက
ကျွန်တော်နဲ့ ဆရာဟိန်း လတ်ရဲ့ဆောင်းပါးတွေကို ကျွန်တော် တို့
ခရီးသွားနေစဉ်မှာပဲ ပုံနှိပ်ဖော်ပြ နိုင်အောင် ပို့ပေးနိုင်တယ်။ နေပြည်
တော်ပေါ်ပေါက်လာတဲ့အခါ ရန်ကုန် ကနေ အင်တာနက်သုံး၊ ဆက်သွယ်
ရေးနည်းပညာတွေသုံးပြီး ပို့ရင် ဘာမှ ခက်တာလည်းမဟုတ်၊ ကြန့်ကြာစရာ
အကြောင်းမရှိဘူးဆိုတာ ပြောပြခဲ့ ဖူးပါတယ်။ ကွန်ပျူတာဆိုတာ ဘာလဲ၊
ဟိုတုန်းကလို အရာရှိစားပွဲ မှာ ရှိုးပြဖို့ ထားတဲ့၊ စာရွက်တွေ လေ
မလွင့်ရအောင် ဖိဖို့လောက်ပဲ အသုံး ဝင်တာမျိုး မဟုတ်တော့ဘူးလေ။
အစိုးရဌာနများက ပြည်သူကို တာဝန်မခံတဲ့၊ တာဝန်မယူတဲ့၊ ဌာန တွင်းမှာဖြစ်ဖြစ်၊
ဌာနအချင်းချင်းမှာ ပဲဖြစ်ဖြစ်၊ သတင်းပေး၊ သတင်းယူ၊ သတင်းဝေငှတာတွေ
မလုပ်ချင်သေး တဲ့အချိန်၊ မလုပ်ချင်တဲ့ခေတ်မှာတော့ အီလက်ထရွန်းနစ်ပဲ
သုံးသုံး၊ အီ လက်ထရွန်းနစ်ထက် မြင့်တာတွေပဲ သုံးသုံး အကျိုးမများပါဘူး။
အင်တာနက်သုံး ဝန်ဆောင် တယ်ဆိုတာ လွယ်လွယ်ပြောရရင် သန့်ရှင်းတဲ့၊
ကောင်းမွန်တဲ့ အစိုးရဖြစ် ဖို့ကနေ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးလုပ်ငန်းလည်ပတ်စရိတ် လျှော့ချရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး
လို့ မြင်ပါတယ်။ လွယ်လွယ်ပြောရ ရင်၊ မြန်မြန်ဆန်ဆန်၊ လွယ်လွယ် ကူကူ၊
သက်သောင့်သက်သာနဲ့ ဝန် ဆောင်မှုတွေပေးရ၊ သတင်းအချက် အလက်တွေ ပေးကြရမှာပါ။
သုံးတဲ့နည်းပညာတွေကလည်း ခက်ချင်ယောင်ဆောင်နေတာတွေ၊ ခက်အောင်လုပ်ထားတာတွေ၊
သူများ ကို ဖြေလျှော့ပါ၊ မြင်သာထင်သာ ရှိ အောင်လုပ်ပါ။ အမြဲတမ်း update
လုပ်ပါ။ update လုပ်ပါဆိုပေမယ့် ကိုယ်ဖော်တဲ့ဆေးကို ကိုယ်တိုင်မှ မစားတဲ့
နည်းပညာလုပ်ငန်းတွေ ရှိ နေပါသေးတယ်။ လုပ်ငန်း တောင်း ကောင်းသလောက်
ဝန်ဆောင်မှု မလိုက်၊ ပြဿနာဖြေရှင်းမပေးနိုင် တာတွေကိုလည်း ကြုံခဲ့ရပါတယ်။ ခု
အချိန်ထိ ဆင်ဖြူတော် နည်းပညာ တွေကို ဌာနဆိုင်ရာလိုအပ်တာ၊ မလို အပ်တာ၊
အသုံးဝင်တာ၊ မဝင်တာ မကြည့်ဘဲ စရိတ်ကြီးကြီးနဲ့ အရောင်း သွက်အောင်
အရောင်းမြှင့်တင်နေ ကြပါသေးတယ်။
အခြေခံကျကျ စပြောရရင် အင်တာနက်သုံးနည်းပညာတွေ၊ ဝန် ဆောင်မှုတွေဟာ
ဘတ်ဂျက်ရှားပါး တဲ့ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ပါဘူး။
နည်းပညာတွေ သုံးပါမှ ပိုခက်၊ ပိုကြာ၊ ပိုစရိတ်ကုန်၊ စာရွက်တွေ
ပိုကုန်တာမျိုး မဖြစ်သင့် ပါဘူး။ နည်းပညာတွေဟာ ဝန် ဆောင်ဖို့ပါ၊
ဝန်စီးဖို့မဟုတ်ပါဘူး။
မောင်သက်မွန်(ငါန်းဇွန်)(မောင်ကျောက်ခဲ အဖွဲ့)


No comments:
Post a Comment