ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Friday, December 14, 2012

www.moep.gov.mm , လျှပ်စစ်စွမ်းအား website အား ကြိုဆိုပါ၏။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲ့ Website Online ပေါ်တက်လာပါပြီ....e-government ဖော်ဆောင်တဲ့နေရာမှာ အစိုးရ ရဲ့ Website တစ်ခု ပေါ်ထွန်းလာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်.... ဘယ်လို အခက်အခဲမဆို ကျော်ဖြတ်နိုင်ပြီး e-government လုပ်ငန်းများအား အပြည့်အ၀ လုပ်ကိုင်ရင်း ပြည်သူအတွက် ၀န်ဆောင်မှုပေးနိုင်တဲ့ ဆိုဒ် တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

2 comments:

  1. ထပ်ရတဲ့သတင်း
    ford suv တွေဝယ်ခိုင်းတာ MD မဟုတ်ဘူးလို့သိရပါတယ် တီကျစ်အတွက်suv မလိုဘူး ပေးလဲပေးမှာမဟတ်ဘူး တီကျစ်စက်ရုံက vanကားနဲ့တောင်သွားလို့ရတယ်လို့ဆိုပါတယ် ဝန်ကြီး ဒုဝန်ကြီးတွေစီးဘို့ဝယ်ပေးရမှာပါ တဲ့ လျှပ်စစ်ဝန်ကြီးဌာန ကဝန်ကြီး ဒုဝန်ကြီးတွေဒီလိုဘဲလုပ်နေကျပါတဲ့ စီမံကိန်းတွေအတွက် စာချုပ်နဲ့ရောက်လာတဲ့
    နိုင်ငံခြားသားပညာရှင်တွေအတွက်ကားတွေsuvတွေကိုသူတို့တွေသိမ်းပိုက်ပြီးစီးကြတာလို့ဆိုပါတယ်နိုင်ငံတော်ကတရားဝင်ထုတ်ပေးထားကားတွေကိုမစီးဘဲနိုင်ငံခြားသားကုမ္ပဏီတွေသုံးဘို့သွင်းလာတဲ့နောက်ဆုံးပေါ်မော်ဒယ်မြပ့်တွေကို သုံး နေရာက ခရိုနီကိုကိုကြီးနဲ့ အပေးအယူလုပ်ဘို့ ဒီကားကြီးတွေဝယ်ဘို့ကြံစည်တာဖြစ်ပါတယ် ကိုကိုကြီးဆိုတာကတော့ယခင် တပ်ချုပ်ကြီးရဲ့လယ်တောအိမ်ကိုအလကား ဆောက်ပေးခဲ့တဲ့ သူဖြစ်ပါတယ် အခုလျှပ်စစ်ဝန်ကြီး ဒုဝန်ကြီးတွေစီးနေတဲ့ landcruiser တွေဟာကျန်ဝန်ကြီးတွေတရားဝင်ရတဲ့ကားတွေထက်မော်ဒယ်အများကြီးမြင့်နေပါတယ် လို့ဆိုပါတယ် ယုတ်စွအဆုံးကုမ္ပဏီတွေဆီက စီမံကန်မစခင်မှာကိုသိမ်းထားတဲ့ကားတွေကိုမော်ဒယ်နဲနဲအောက်လို့ဆိုပြီးdg.ddg.gmတွေကိုချပေးထားတဲ့landcruiserတွေဟာ ကျန်ဝန်ကြီးဌာနက ဝန်ကြီးတေစီးနေတဲ့ကားတေထက်ပိုမြင့်နေတယ် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ာကားငှာီးးခိုင်း အစုတ်တွေပေးလုပ်ကြတာဖ်ြပါတယ် စက်ရုံတွေမှာတော့ကားကောင်းကောင်းတစီးမှမပေးဘူးလို့ပြောပါတယ် အခုဝန်ကြီး ဒုဝန်ကြီးတွေ ကားဘယ်နှစ်စီးယူထားကြောင်းနဲ့ စီးနေတဲ့မော်ဒယ်တွေသိရရင် အံ့သြသွားလိမ့်မယ်လို့ပြောတယ် သမတဦးသိန်းစိန် သူ့တပည့်ရင်းဦးခင်မောင်စိုးလုပ်ချင်ရာလုပ်နေတာကို မျက်စေ့မှိတ်နေတာကြာပါပြီ ကြည့်ရတာတော့ ဦးခင်မောင်စိုးမှိာနိုင်ကွက်ရှိနေတဲ့သဘောဘဲ
    လျှပ်စစ်ဝန်ကြီးဌာန၏ တင်ဒါ၊ ဝန်ကြီး ဦးခင်မောင်စိုးနှင့် ခရိုနီ

    ဒီအပါတ်အတွင်း ထွက်ရှိလာသော လျှပ်စစ်ဝန်ကြီးဌာန၏ တင်ဒါတစ်ခုကို ကြည့်ယင် ဝန်ကြီး ဦးခင်မောင်စိုးနှင့် ခရိုနီတွေ ဘယ်လို အလုပ်လုပ်နေကြလဲ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။
    ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းက ခေါ်သောတင်ဒါဖြစ်ပြီး အမှတ်စဉ် (ဂ) နှင့် (ဃ) သည် မော်တော်ကားများ ဖြစ်ပါသည်။ Ford အမှတ်တံဆိပ်ကားများကိုသာ တင်ဒါတွင် ခေါ်ထားတာဖြစ်ပါတယ်။ ဒီလိုကားအမျိုးအစားတွေကို Toyota, Suzuki, Mitsubishi, Nissan အကုန်ရှိရဲ့သားနဲ့ Ford တစ်မျိုးတည်းကိုသာ တင်ဒါတွင်ထည့်ခေါ်ရသည်ကတော့ ရှင်းပါတယ်။ Ford ကား ရောင်းတဲ့သူက Capital Hypermart, Diamond Star တို့ကိုပိုင်သော ဒေါက်တာကိုကိုကြီးဆိုသူ ခရိုနီကြီး တစ်ဦးဖြစ်တယ်။ ရွှေဂုံတိုင်ဂုံးကျော်ကို တည်ဆောက်ခဲ့တယ့် ကုမ္ပဏီလေ။ သမ္မတကြီးရဲ့ စီးပွားရေးအကြံပေးတဲ့။ သူ့ကိုယ်သူ စီးပွားတက်အောင် သမ္မတကြီးနဲ့ လျှပ်စစ်ဝန်ကြီးကို အကြံပေးနေတာကလား။
    ဒီလိုလူမျိုးတွေနဲ့ပေါင်းပြီး တင်ဒါတွေပြိုင်ဆိုင်မှု ကင်းအောင်လုပ်။ ပြီးတော့ရှုံးလို့ဆိုပြီး မီတာခတွေတိုးကောက်။ ပြည်သူတွေကတော့ ကုန်းကောက်ပေါ့ဗျာ။

    ReplyDelete
  2. ရခိုင်ပြည်နယ်ပေါက်တောမြို့ကိုမီတာချပေးစေချင်ပါတယ်လို့တင်ပြတောင်းဆိုပါတယ်ဝန်ကြီးရှင်

    ReplyDelete